စင်ကာပူနိုင်ငံရဲ့  ယဉ်ကျေးမှု တစ်ခုလို့  ဆိုရမလား...? ရထားတွေ ကားတွေပေါ် ရောက်ရင် နားကျပ်လေးတွေ ကိုယ်စီတပ်လို့  Smart Phone တွေ MP3 player လေးတွေနဲ့  သီချင်းသံစဉ်လေးတွေကို မိမိတို့ ရဲ့  ခရီးဖေါ် အဖြစ် စီးမျောရင်း လိုက်ပါလာတတ်ကြတာ အစဉ်သဖြင့် တွေ့ နေရတတ်ပါတယ်။
ကျွန်တော်တို့  ကိုယ်တိုင်လဲ နံဘေးမှာ အဖော် ပါမလာခဲ့ဘူး ဆိုရင် အဲဒီ ယဉ်ကျေးမှုလေးနောက် ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြပါပြီ။ အခုဆို လမ်းထွက်သွားရင် နားကြပ်တပ် သီချင်းနားထောင်တာ ကျွန်တော့ရဲ့  အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။
ပြဿနာက ဖုန်းထဲကို သီချင်း အသစ် အသစ်တွေ လှယ်ပြီး သွင်းထားဖို့  မအားတော့ တစ်ခါလာလဲ ဒီသီချင်း၊ တစ်ခါလာလဲ ဒီသီချင်း ဖြစ်နေပြီး ထပ်ပြီးတော့ နားမထောင်ချင်လောက်အောင် ငြီးငွေ့  လာပါတယ်။ ကျွန်တော့်လို အဖြစ်မျိုး မိတ်ဆွေတို့  မှာ ကြုံဖူးချင် ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။
ဒီအခက်အခဲတွေကို ပြေလည်စေပြီး၊ ဖုန်းထဲမှာလဲ ဘာသီချင်းမှ သွင်းထားစရာ မလိုပဲ တိုက်ရိုက် Streaming နားဆင်နိုင်စေဖို့  website လေးတစ်ခုကို ထောင်နိုင်ရင် ကောင်းမယ် ဆိုတဲ့ စိတ်ကူးလေး ရလိုက်မိပြီး....
MyTunesMe လို့ အမည်ပေးထားတဲ့ ကျွန်တော့ရဲ့  အခမဲ့ သီချင်းဆိုင် လေးပါ။ iPhone, iPad, iPodTouch, Android များနဲ့  အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်လကျော်လောက်ထဲက စတင် အကောင်ထည်ဖော် စမ်းသပ်နေခဲ့တာကြောင့် မိုးသိကြားဆိုက်မှာတောင် အရေးကြီးတဲ့ အကြောင်းအရာတွေကလွဲရင် စာတွေ သိပ်မရေးဖြစ်နိုင်ခဲ့ပါဘူး၊ အခုတော့ ချောချောမွေ့ မွေ့ ပဲ တင်ပေးလိုက်နိုင်ပါပြီ။
သီချင်းတွေကို ပုံစံနှစ်မျိုး နားဆင်နိုင်အောင် စီစဉ်ထားပါတယ်။ Album တစ်ခုလုံး တောက်လျှောက် နားဆင်နိုင်ဖို့  Playlist နဲ့ စီစဉ်ထားပြီး၊ တစ်ပုဒ်ခြင်း ရွေးချယ် နားဆင်နိုင်အောင်လဲ ပြုလုပ်ပေးထားပါတယ်။
MyTunesMe မှာ မြန်မာသီချင်းများကို ဦးစားပေး တင်ပေးသွားမှာ ဖြစ်ပြီး တရားတော်များကိုတော့ ဓမ္မဒါန အဖြစ် အခမဲ့ ဖြန့်  ထားပြီးဖြစ်သော Dhammah download မှ လင့်ခ်များနှင့် ချိပ်ဆက်၍ ထပ်မံဖြန့် ဝေ ပေးထားခြင်းဖြစ်ပါသည်။
ယခုမှ စတင်၍ သီချင်းများကို စတင် upload လုပ်နေတဲ့ အတွက် လောလောဆယ်မှာ Album အများကြီး မရှိသေးပါဘူး၊ ဖြည်းဖြည်းခြင်း တင်ပေးသွားပါ့မယ်။အားလုံးလဲ နှစ်သက် ကြလိမ့်မယ် ထင်ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Thursday, May 17, 2012
Wednesday, May 9, 2012
iOS 5.1.1 Semi-Untether
iOS 5.1.1 Tethered Jailbreak လုပ်နည်းကို မနေ့ က ကျွန်တော် ဖော်ပြပေးခဲ့ပါတယ်၊ ဒီနေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဒီနေ့ တော့ Tethered Jailbreak ဖြစ်ပြီးသား iOS 5.1.1 အတွက် Semi-Untethered လုပ်နိုင်မည့် နည်းလမ်းကို ထပ်မံ တင်ပြပေးလိုက်ပါတယ်။ iOS 5.1.1 အတွက် အမှန်အကန် Untethered Jailbreak မထွက်လာသေးခင် အထိ ထိန်းပြီး သုံးနိုင်ကြတာပေါ့ ...။
နည်းလမ်းလေးက လွယ်လွယ်လေးပါပဲ...
အဆင့် ၁)
Cydia -> Manage -> Sources ကိုသွားပြီး....
အဆင့် ၂)
Edit -> Add မှာ http://thebigboss.org/semitether ဆိုတဲ့ URL လေးကို ထည့်ပေးလိုက်ပါ။
အဆင့် ၃)
Cydia -> Search မှာ SemiTether ဟုရိုက်ရှာပြီး Install လုပ်ပေးလိုက်ပါ။
ကဲ... အခုဆိုရင် ဖုန်းပါဝါပိတ်သွားလို့  ပြန်ဖွင့်တိုင်း Apple Logo မှာ တစ်မနေတော့ဘူးပေါ့....
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
နည်းလမ်းလေးက လွယ်လွယ်လေးပါပဲ...
အဆင့် ၁)
Cydia -> Manage -> Sources ကိုသွားပြီး....
အဆင့် ၂)
Edit -> Add မှာ http://thebigboss.org/semitether ဆိုတဲ့ URL လေးကို ထည့်ပေးလိုက်ပါ။
အဆင့် ၃)
Cydia -> Search မှာ SemiTether ဟုရိုက်ရှာပြီး Install လုပ်ပေးလိုက်ပါ။
ကဲ... အခုဆိုရင် ဖုန်းပါဝါပိတ်သွားလို့  ပြန်ဖွင့်တိုင်း Apple Logo မှာ တစ်မနေတော့ဘူးပေါ့....
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Tuesday, May 8, 2012
iOS 5.1.1 Tethered Jailbreak For A4 Devices
မကြာသေးမီ အချိန်လေးကပဲ Apple က iOS 5.1.1 ကို Update တင်ပေးလိုက်ပါပြီ။ Features အနေနဲ့  ဘာမှ အသစ်ထပ်မံ ထည့်ပေးထားတာမျိုး မရှိပေမယ့် system ပိုင်းအတွက် Bug Fix နဲ့  အခြား မွမ်းမံမှုတွေတော့ ထည့်သွင်းပေးထားပါတယ်။
ဒါကလည်း လုံခြုံရေး တိုးမြှင့်မှု တစ်ခုသာ ဖြစ်လို့  Jailbreak Tool တွေကို ထုတ်ပေးနေသူများအတွက် အခက်အခဲတွေကို ပိုမိုတွေ့ စေပါတယ်။
ဒီအတွက်ကြောင့် jailbreak လုပ်ရန် ရည်ရွယ်သူများအား iOS 5.1.1 ကို မတော်တဆ၊ တမင်သက်သက် Update မလုပ်မိကြစေဖို့  သတိပေးပါရစေ...။
ပြောရင်း ဆိုရင်းနဲ့  ခြေလွန် လက်လွန်ပြီး iOS 5.1.1 ကို Update လုပ်မိသွားကြရင်လဲ မစိုးရိမ်ကြပါနဲ့  iOS 5.1.1 Tethered Jailbreak လုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံး Dev Team က ထုတ်ပေးလိုက်တဲ့ Redsn0w Latest version ကို အောက်မှာ Download လုပ်ပါ။
>> Download Redsn0w (Win)
>> Download Redsn0w (Mac)
>> Download (iOS 5.1) IPSW
မိမိ Device နှင့် သက်ဆိုင်သော (iOS 5.1) IPSW ကို download လုပ်ပါ။
အောက်ပါ လုပ်ငန်းစဉ်များမှာ iOS 5.1.1 ဖြစ်ပြီးသား A4 Device များအတွက် ဖြစ်ပါသည်။
လုပ်ငန်းစဉ်
အဆင့် ၁)
Redsn0w ကို Run လိုက်ပြီး Extras -> Select IPSW ကိုနှိပ်ပါ။
အဆင့် ၂)
အထက်တွင် Download လုပ်ခဲ့သော မိမိ Device ၏ သက်ဆိုင်ရာ iOS 5.1 IPSW ကို ရွေးချယ်ပေးပါ။
အဆင့် ၃)
Redsn0w ၏ main screen ကို ပြန်သွားပြီး "Jailbreak" ခလုပ်ကို နှိပ်ပါ၊ "Install Cydia" ကို ရွေးချယ်ခဲ့ရန် မမေ့ပါနှင့်။
အဆင့် ၄)
Redsn0w က သင်၏ Device ကို DFU mode သို့ ဝင်ရန် ညွှန်ကြားပါက တစ်ဆင့်ခြင်း လိုက်နာဆောင်ရွက်ပါ။
အဆင့် ၅)
DFU mode သို့  အောင်မြင်စွာ ရောက်ရှိပါက ကျန်သော အဆင့်များကို Redsn0w က အလိုလျှောက် ဆက်လက် လုပ်ဆောင်သွားပါလိမ့်မည်။
အားလုံး အဆင်ပြေစွာ ပြီးဆုံးသွားပါက Device Reboot လုပ်ပါလိမ့်မည်။
Tethered jailbreak ဖြစ်သည့်အားလျှော်စွာ Reboot / Restart လုပ်သည့် အချိန်တိုင်း Apple logo တွင် ရပ်တန့် နေပါလိမ့်မည်၊ ထိုအခါ အောက်ပါ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပေးရပါမည်။
>> Run Redsn0w -> Extras -> Just Boot
** iOS 5.1.1 အတွက် Semi-Untethered ဖြစ်ရန် ဤနေရာတွင် ဆက်လက်ဖတ်ရှုပါ **

Sunday, April 29, 2012
Back up SAM with Cookie...!
SAM method နှင့် ဖုန်းကို unlock Activate လုပ်ထားကြသော မိတ်ဆွေများ၊ နောင်အနာဂါတ် မှာလဲ unlock လုပ်နိုင်ဖို့  အတွက် ယခုရရှိထားသော activation ticket ကို မပျောက်ပျက်အောင် backup လုပ်ထားဖို့  တိုက်တွန်းလိုက်ပါရစေ...
Cookie က လွယ်လွယ်ကူကူ Backup လုပ်နိုင်ဖို့ ကူညီပါလိမ့်မယ်။ Activation Ticket ကို backup အဖြစ် သိမ်းပြီးသွားရင်တော့ သင့် iPhone ကို အချိန်မရွး Restore လုပ်လို့  ရပါပြီ။ ဒီ Data တွေကိုတော့ weiphone severs မှာ သိမ်းပေးထားမှာဖြစ်ပြီး နောက်မကျခင် ခပ်မြန်မြန် backup လုပ်ကြဖို့  တိုက်တွန်းပါရစေ။ ဘာကြောင့်လဲဆိုတော့ SAM method နဲ့  unlock လုပ်တဲ့နည်းကို ကျွန်တော် တင်ပြပြီး နောက်တစ်ရက်မှာပဲ Apple က ပိတ်လိုက်တယ်လို့  သိရပါတယ်၊ အောင်မြင်တဲ့သူများလည်း အောင်မြင်သွားကြပါတယ် ဒါကြောင့် လက်ဦးမှုရအောင် တိုက်တွန်းလိုက်တာပါ။
Cookie App ကို Cydia ရဲ့  Source တစ်ခုဖြစ်တဲ့ BigBoss repo ထဲမှာ ရယူ Install လုပ်နိုင်ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Cookie က လွယ်လွယ်ကူကူ Backup လုပ်နိုင်ဖို့ ကူညီပါလိမ့်မယ်။ Activation Ticket ကို backup အဖြစ် သိမ်းပြီးသွားရင်တော့ သင့် iPhone ကို အချိန်မရွး Restore လုပ်လို့  ရပါပြီ။ ဒီ Data တွေကိုတော့ weiphone severs မှာ သိမ်းပေးထားမှာဖြစ်ပြီး နောက်မကျခင် ခပ်မြန်မြန် backup လုပ်ကြဖို့  တိုက်တွန်းပါရစေ။ ဘာကြောင့်လဲဆိုတော့ SAM method နဲ့  unlock လုပ်တဲ့နည်းကို ကျွန်တော် တင်ပြပြီး နောက်တစ်ရက်မှာပဲ Apple က ပိတ်လိုက်တယ်လို့  သိရပါတယ်၊ အောင်မြင်တဲ့သူများလည်း အောင်မြင်သွားကြပါတယ် ဒါကြောင့် လက်ဦးမှုရအောင် တိုက်တွန်းလိုက်တာပါ။
Cookie App ကို Cydia ရဲ့  Source တစ်ခုဖြစ်တဲ့ BigBoss repo ထဲမှာ ရယူ Install လုပ်နိုင်ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Saturday, April 28, 2012
Live TV Channels For iPhone, iPad
iPhone, iPad, iPodTouch သုံးနေကြသော ကျွန်တော့် မိတ်ဆွေတွေ အတွက် Live တိုက်ရိုက်လွှင့် အစီစဉ်များကို ကြည့်ရှုနိုင်တဲ့ website တစ်ခုကို လက်တို့  ပေးလိုက်ပါရစေ။
iOS သုံး iDevices များအတွက် ရည်ရွယ်တာ ဖြစ်လို့ MP4 format နဲ့  ထုတ်လွှင့်ပေးထားပြီး connection ရှိလို့ ကတော့ ဘယ်နေရာကမဆို ကြည့်ရှုလို့  ရပါတယ်။ TV Channel များကလည်း စုံလင်လှပါတယ်၊ ကိုကိုမောင်မောင် လူဆိုးများ အကြိုက် Channel များလည်း ပါဝင်တာကြောင့် ပြောနေကြာပါတယ် အခုသာ သွားကြည့်လိုက်ကြပါတော့လို့ ....
သြော်... ပြောဖို့  မေ့သွားတယ် လိပ်စာက http://ioslivetv.com/ တဲ့....။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
iOS သုံး iDevices များအတွက် ရည်ရွယ်တာ ဖြစ်လို့ MP4 format နဲ့  ထုတ်လွှင့်ပေးထားပြီး connection ရှိလို့ ကတော့ ဘယ်နေရာကမဆို ကြည့်ရှုလို့  ရပါတယ်။ TV Channel များကလည်း စုံလင်လှပါတယ်၊ ကိုကိုမောင်မောင် လူဆိုးများ အကြိုက် Channel များလည်း ပါဝင်တာကြောင့် ပြောနေကြာပါတယ် အခုသာ သွားကြည့်လိုက်ကြပါတော့လို့ ....
သြော်... ပြောဖို့  မေ့သွားတယ် လိပ်စာက http://ioslivetv.com/ တဲ့....။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Thursday, April 26, 2012
Unlock Any iPhone Any Baseband without Official SIM
iTunes မလို၊ Original SIM ရှိဖို့  မလိုပဲ iPhone ကို Unlock လုပ်နိုင်မယ့် အနေအထားဖြစ်အောင် SAM က ထပ်မံ၍ update လုပ်ပေးထားပါပြီ။ ထို့ ကြောင် ယခင် နည်းလမ်းနှင့် အဆင်မပြေကြသူများ အောက်ဖော်ပြပါ နည်းလမ်းကို ပြောင်းလဲ အသုံးပြုနိုင်ကြပါပြီ။
ယခုဖော်ပြပါ နည်းလမ်းသည် မိတ်ဆွေများ အားလုံး အတွက် အဆင်အပြေဆုံး နည်းလမ်း ဖြစ်မည်ဟု မျှော်လင့်ပါသည်။
ထုံစံ အတိုင်း iPhone iOS 5.++ ကတော့ Jailbreak ဖြစ်နေဖို့ လိုပါတယ်။
လုပ်ငန်းစဉ်များ
အဆင့် ၁)
Cydia -> Sources -> Edit -> Add မှတစ်ဆင့် repo.bingner.com ကို ထည့်သွင်းပါ။
အဆင့် ၂)
SAM ကို installလုပ်ပါ။
အဆင့် ၃)
သင်အသုံးပြုလိုသော SIM (unofficial card) ကို ဖုန်းထဲသို့  ထည့်ပါ။
အဆင့် ၄)
Home screen ရှိ SAM ကို ဖွင့်ပြီး Utilities -> Attempt Activation ကို နှိပ်ပါ။
အဆင့် ၅)
iPhone respring လုပ်နေပါလိမ့်မည်။ ထို့ နောက် ထည့်ထားသော unofficial SIM ကို သိပါလိမ့်မည်။
** "You must select the original carrier SIMID of your iPhone" သို့ မဟုတ် အခြား error message တက်လာပါက ပြဿနာ ဖြေရှင်းနိုင်ရန် အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါသည်။ **
ဤနည်းလမ်းကို အသုံးပြုနိုင်ရန် သင့်တွင် "iFile" install လုပ်ထားရန် လိုအပ်ပါသည်။
Cydia -> Manage -> Sources -> Edit -> Add တွင် "sinfuliphonerepo.com" ကို ထည့်သွင်းပြီး "iFile Cracked" ကို ရယူ install လုပ်နိုင်ပါသည်။
ပြဿနာဖြေရှင်းနည်း
အဆင့် ၁)
SIM card ကို ဖုန်းထဲမှ ထုတ်လိုက်ပါ။
အဆင့် ၂)
iFile ကိုဖွင့်ပြီး၊ "var/root/Library" သို့ သွားပါ။ထို့ နောက် ညာဘက် ထောင့်ရှိ "Edit" ကိုနှိပ်ပြီး "Lockdown" folder ကိုရွေးပါ။ ထို့ နောက် zip ကိုနှိပ်ပြီး ဦးစွာ Backup အရင်လုပ်ပါ။
အဆင့် ၃)
ထို့ နောက် "Lockdown" folder ကို ဖျက် (delete) လိုက်ပါ။
အဆင့် ၄)
/User/Library/Preferences လမ်းကြောင်းကို သွားပြီး SAM ကိုရှာပါ။
ပြီးနောက် SAM ထဲက "com.bingner.sam.plist" file ကို delete လုပ်ပါ။
အဆင့် ၅)
ဖုန်းကို power OFF လိုက်ပြီးနောက် ပြန်ဖွင့်ပါ။
အဆင့် ၆)
Unofficial SIM ကို ဖုန်းထဲသို့  ပြန်ထည့်ပါ။
အဆင့် ၇)
SAM ကိုဖွင့်ပြီး "Attempt Activation" ကိုနှိပ်ပါ။ iPhone respring လုပ်နေပါမည် ခတ္တစောင့်ပါ။
အဆင့် ၈)
ဖုန်းပြန်တက်လာပါက သင်ထည့်ထားသော unofficial SIM Carrier ကို သိသွားပါလိမ့်မည်။
Video Tutorial
အဆင်ပြေကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်။

Unlock iOS 5.++ for ANY iDevices ANY baseband
iDevice ကို Unlock လုပ်နိုင်ဖို့  မျှော်လင့်နေကြတဲ့ မိတ်ဆွေများအတွက် နည်းလမ်း အသစ်လေး တစ်ခုကို တင်ဆက်လိုက်ပါတယ်။ ယခုလို Unlock ပြုလုပ်တဲ့  (SAM) နည်းလမ်းဟာ iOS 5 နှင့် အထက် မည်သည့် iDevice မဆို Baseband မရွေးပဲ Unlock ပြုလုပ်နိုင်ကြောင်း တွေ့ ရှိရပါတယ်။
Unlock လုပ်ရန် အခြေခံ လိုအပ်ချက်ကတော့ မိမိ iPhone သည် iOS 5 နှင့် အထက် ဖြစ်၍ Jailbreak လုပ်ထားရန် လိုအပ်ပါသည်။(Baseband သတ်မှတ်ချက်မရှိပါ)
** ပြဿနာ တစ်ခု အနေနဲ့  Lock phone ရဲ့  အသိမှတ်ပြု Carrier ၏ SIM card တစ်ခုတော့ လိုအပ်ပါလိမ့်မည်။ **
ယခုတင်ပြမည့် နည်းလမ်းသည် Unlock လုပ်ရာတွင် လွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်သော်လည်း လုပ်ငန်းစဉ် အဆင့် အနည်းငယ် များပြား၍ နားလည်အောင် ဖတ်ရှု ပြီးမှ လိုက်လံ လုပ်ဆောင်စေလိုပါသည်။
Video Tutorial နှင့် တစ်ကွ ဖော်ပြထားပါ၍ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါလိမ့်မည်။
လုပ်ငန်းစဉ် အဆင့်များ
** iPhone ထဲရှိ အသိမှတ်ပြု SIM card ကို အဆင့် (၅) မရောက်ခင်အထိ ဖုန်းထဲမှနေ၍ မထုတ်ပါနဲ့  **
အဆင့် ၁)
Cydia -> Manage-> Sources -> Edit -> Add မှတစ်ဆင့် repo.bingner.com ကို ထည့်သွင်းပါ။
အဆင့် ၂)
SAM ကို installလုပ်ပါ။
အဆင့် ၃)
SAM ကို ဖွင့်ပြီး Utilities ကိုသွား၍ "Deactivate" ကို နှိပ်ပါ။
အဆင့် ၄)
SAM ရဲ့  Main Menu သို့ ပြန်သွားပြီး More Information ကိုနှိပ်ပါ။
SIM Details အောက်ရှိ IMSI number အားလုံးကို Copy ယူထားပါ။
အဆင့် ၅)
အသိမှတ်ပြု SIM Card ကို ထုတ်ပြီး အသုံးပြုလိုသော နှစ်သက်ရာ SIM Card ကို ထည့်ပါ။
အဆင့် ၆)
More Information ကို ပြန်သွားပြီး "Spoof Real SIM to SAM" ကိုနှိပ်ပါ။
အဆင့် ၇)
SAM Details အောက်ရှိ လက်ရှိပြနေသော IMSI number များကို ဖျက်ပစ်ပါ။
ထိုနောက် အဆင့် (၄) တွင် Copy ကူးယူထားသော number များကို အစားထိုး Paste လုပ်ပေးလိုက်ပါ။
အဆင့် ၈)
SAM ၏ Main Menu ရှိ Utilities ကိုသွားပြီး Attempt Activation ကိုနှိပ်ပါ။
မှန်မှန်ကန်ကန် အဆင်ပြေပြေ ဖြစ်ပါက iPhone Respiring လုပ်ပါလိမ့်မည်။
အဆင့် ၉)
SAM ကို ဖွင့်ပြီး Subscriber Artificial Module တွင် Disable လုပ်ပါ။ SAM ကို ပိတ်ပစ်လိုက်ပါ။
အဆင့် ၁၀)
iTunes ကို ဖွင့်ပြီး iPhone ကို PC နှင့် ချိပ်ဆက်လိုက်ပါ။
iTunes က message တစ်ခု အနေနဲ့  Failed to Activate Your Device ပြပါလိမ့်မည်။
ဒီလိုပြောခဲ့ရင် အဆင်ပြေတဲ့ လက္ခဏာပါပဲ OK သာနှိပ်ပေးလိုက်ပါ။
ခတ္တသီးခံ စောင့်ပြီးနောက် သင်ထည့်ထားသော SIM Carrier ရဲ့  logo ကို တွေ့ မြင် ရပါလိမ့်မည်။
( အထက်ပါ အတိုင်း message မပေါ်လာပါက Device ကို PC နှင့် plug / unplug ကစားပေးပါ၊ စိတ်ရှည်ရှည် ထားရပါလိမ့်မယ်..)
အားလုံး အဆင်ပြေသွားပြီ ဆိုပါက ယခုအချိန်မှ စ၍ သင့်ဖုန်းထဲသို့  Original SIM နှင့် New SIM ကို အချိန်မရွေး ပြောင်းလဲသုံးစွဲနိုင်ပါပြီ။ ဤကဲ့သို့  ပြောင်းလဲမှု ပြုလုပ်တိုင်း အခြားအဆင့်များကို ထပ်မံ ပြုလုပ်ရန် မလိုတော့ပဲ အဆင့် (၁၀) ကိုသာ ပြုလုပ်ပေးခြင်းဖြင့် SIM Card ကို switch လုပ်နိုင်ပါတယ်။
ဒါဟာ အထက်ပါ Original SIM နှင့် New SIM နှစ်ခုမှာသာ အကျုံးဝင်ပါတယ်။
Video Tutorials

Subscribe to:
Posts (Atom)